Model လမ်းညွှန်

ယခုအောင်မြင်နေသော Model များ ၏ နေပုံထိုင်ပုံများကို တစေ့တစောင်း လေ့လာသင့်ပါတယ်။ Model တစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ Modelတစ်ယောက်ဖြစ်ဖို့ ဆိုတာ ပိုက်ဆံရှိတာ၊မရှိတာ နဲ့မဆိုင်ပါဘူး။ အမြဲတမ်းစမတ်ကျပြီး သပ်ရပ်ဖို့ပဲလိုတာပါ။ သင်Modelတစ်ယောက် စလုပ်တော့မယ်ဆိုရင် Agency တစ်ခုနဲ့ ဆက်သွယ်သင့်ပါတယ်။ မိမိဆက်သွယ်လိုက်တဲ့ Agency ကအောင်မြင်အောင်ပျိုးထောင်ပေးနိုင် ပါ့မလားဆိုတာကိုလည်း အရင်ဆုံးစုံစမ်းသင့်ပါတယ်။ သေချာစုံစမ်းပြီးလို့ သင်တန်းစတက်တော့မယ်ဆိုရင်တော့ မိမိ၏နေပုံထိုင်ပုံကို ခန့်မှန်းလို့မရအောင် နေထိုင်ရပါမယ်။ ဒီလိုမှသာ Cat-Walk လျှောက်လှမ်းတဲ့အခါမှာ ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေ သတိထားမိမှာပါ။
နိုင်ငံတကာ Model လမ်းညွှန်တွေနဲ့ Agency တွေက Model (Male) တစ်ယောက်အရပ်(၅)ပေ(၁၁)လက်မမှ (၆)ပေ(၄)လက်မအထိသတ်မှတ်ထားပြီး ပေါင်ချိန်(၁၄ဝ)ဝန်းကျင်
အထိရှိရမှာဖြစ်ပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
အမျိုးသမီးမော်ဒယ်တစ်ယောက်ဟာ (၅)ပေ(၈)လက်မဝန်းကျင်ရှိရမှာဖြစ်ပြီး အဆီလုံးဝကင်းသော ကိုယ်ခန္ဓာကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Myanmar Model Agency အများစုကတော့ အထက်ပါသတ်မှတ်ချက်တွေ မရှိပါဘူး။
အောင်မြင်ကျော်ကြားသော Model တစ်ယောက်ဖြစ်လာဖို့အတွက် အောက်ပါအချက်အလက်များနဲ့ကိုက်ညီအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
(၁) သင့်ရဲ့ကိုယ်ခန္ဓာကို အဆီကင်းပြီးကျစ်လစ်၍တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာရဖို့အတွက် Gym တက်ပြီးပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အားကစားကို ပုံမှန်လုပ်သင့်ပါတယ်။ သင့်ရဲ့ငွေရေးကြေးရေးမှာအခက်အခဲရှိရင်တော့ တစ်လကို ထောင်ဂဏန်းလောက်ပဲပေးရပြီး ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်သောသင်တန်းတွေကလည်း များလှပါတယ်။
(၂) နောက်အချက်တစ်ချက်ကတော့ အဝတ်အစားပဲဖြစ်ပါတယ်။ သောင်းချီတန်သော အဝတ်အစားမှကောင်းတာမဟုတ်ပါဘူး။ ထောင်တန်အင်္ကျီများကလည်း ကောင်းပါတယ်။ တန်ဖိုးကြီးပြီး Design ရိုးနေရင်တော့ ပိုက်ဆံ
ပေးရတာနှမျောဖို့ကောင်းပါနတယ်။ ဒါကြောင့် အင်္ကျီဝတ်တဲ့အခါ ဒီဇိုင်းလန်းနေဖို့ပဲလိုပါတယ်။ ဈေးကြီးဖို့မလိုပါဘူး။
(၃) သင့်မျက်နှာအသားအရေဟာ ညိုတဲ့ဘက်မှာရှိရင်တော့ ဆံပင်ကို ရွှေရောင်၊ အဝါရောင်နဲ့ မဟော်ဂနီရောင်ဆိုးဖြင်းတို့ကိုရှောင်သင့်ပါတယ်။ ဖျော့တော့တဲ့အရောင် ဒါမှမဟုတ် ပင်ကိုယ်အမည်းရောင်ကိုသာ ခေတ်ဆန်သော Hair Style ကိုပြောင်းလဲသင့်ပါတယ်။
(၄) အထက်ဖော်ပြပါအချက်အလက်တွေပြည့်စုံနေသော်လည်း လမ်းလျှောက်တဲ့အခါ Smart မကျဘူးဆိုရင်လည်း မပေါ်လွင်တော့ပါဘူး။ လမ်းလျှောက်တဲ့အခါ ခေါင်းကိုအနည်းငယ်မော့၍ ပုခုံးနှစ်ဖက်ကို နောက်သို့အနည်းငယ်ပို့လိုက်ပါ။ ထိုအခါ ရင်အနည်းငယ် ရှေ့သို့ထွက်လာပါလိမ့်မယ်။ သင်မလျှောက်တတ်ဘူးဆိုရင်တော့ ခေါင်းပေါ်ကို စာအုပ်တစ်အုပ်တင်၍ လမ်းလျှောက်လေ့ကျင့်နိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်တော့ နံရံတစ်ခုမှာ ခေါင်း၊လက်၊ ပုခုံး၊ ခါး၊ ခြေ တွေနဲ့ထိအောင်ကပ်၍ရပ်ပါ။ ခါးနှင့် နံရံကြားထဲလက်ထိုး၍မရအောင်ကျင့်ပါ။
× × × × × × × × ×
အထက်ပါနည်းလမ်းတွေအတိုင်း လေ့ကျင့်ပေးခြင်းအားဖြင့် သင်ဟာ ပြီးပြည့်စုံတဲ့ Modelတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
KCB Teens
0 comments: