ဝက်ခြံပျောက်ကင်းစေဖို့နဲ့ ထပ်မပေါက်စေဖို့

2:45 AM Blogger 0 Comments

               အလှအပကိုမှ မြတ်နိုးကြတဲ့ သူငယ်ချင်းများအတွက် ၀က်ခြံပျောက်စေဖို့နဲ့ ထပ်မပေါက်စေဖို့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခေါင်းအုံးဖုံး
သင့်ခေါင်းအုံးဖုံးကို တစ်ပါတ်တစ်ခါလဲပါ။ အဘယ်ကြောင့်ဆိုသော် သင်အိပ်နေစဉ်မှာ သင်ရဲ့ မျက်နှာဟာ ခေါင်းအုံးနဲ့ ကပ်မနေဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ အဲ့ဒီလို မျက်နှာနဲ့ခေါင်းအုံးဖုံးနဲ့ကပ်နေတဲ့အခါ အဲ့ဒီမှာရှိတဲ့သွားရည်တွေနဲ့ သင့်မျက်နှာ က အဆီတွေနဲ့ ဓာတ်ပြုပြီး ၀က်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခေါင်းအုံးဖုံးကို တစ်ပါတ် တစ်ခါလဲအိပ်ပါ။
(၂) ပန်ကာလေမခံပါနဲ့
ပန်ကာရဲ့ရှေ့မှာလေသိပ်မခံပါနဲ့။ သင်ပူအိုက်နေလို့ Air-Con ရှေ့မှာ လေခံတာကကိစ္စမရှိပေမယ့် ပန်ကာရှေ့မှာလေခံတာကတော့ သင့်အသားအရေကို ဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။ အသားကို မည်းစေတဲ့အပြင် ၀က်ခြံများကိုပေါက်ပွားရန်လည်း ပိုမို အထောက်အကူဖြစ်စေပါတယ်။
ဘာလို့လဲဆိုတော့ သင့်မျက်နှာနဲ့ ပန်ကာကြားမှာ ရှိတဲ့ ဖုန်မှုန့်တွေကို ပန်ကာလေက သင့်မျက်နှာဆီကိုကပ်နေစေလို့ပါပဲ။ သင်ကိုယ်တိုင်စမ်းသပ်လိုပါက ပန်ကာကိုဖွင့်ပြီး ပန်ကာရဲ့ ရှေ့ဖုံးကို လက်နဲ့ရိုက်ကြည့်ပါက ဖုန်များစွာထွက်လာမှာကို aတွ့ရမှာပဲဖြစ်ပါတယ်။
(၃) နေပူထဲသွားပါကSun Screen သုံးပါ။
သင်နေပူထဲသွားတဲ့အခါ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ သင့်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပြီး မျက်နှာမှာ အဆီင်္တွေပြန်လာနိုင်ပါတယ်။ အဆီတွေဟာ လေထုထဲက ဖုန်တွေနဲ့ ဓာတ်ပြူပြီး ၀က်ခြံ ထွက်လျာနိုင် တာကြောင့် နေပူထဲကို သွားတဲ့အခါ Sun Screen - SPF( sun protect factor ) 45 အနည်းဆုံးပါတဲ့ cream (သို့မဟုတ်) သနပ်ခါးထူထူ လိမ်းသွားသင့်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ SPF ၄၅ပါဖို့ဆိုရင် SPF ၃၀ပါတဲ့ ခရင်မ်နဲ့ ၁၅ပါတဲ့ ခရင်မ်နှစ်မျိုးပေါင်းသုံးမယ်ဆိုရင် SPF က၄၅ ဖြစ်သွားနိုင်လားလို့ပေါ့။ တကယ်ဆို အဲ့လိုလုပ်တယ်ဆိုရင် SPF က ၃၀ပဲရမှာပါ။ အဲ့ဒါဘယ်လိုယူရတာလဲဆိုတော့ ခရင်မ်နှစ်ခုထဲမှာ အများဆုံးပါတဲ့ ဟာကပဲ အစွမ်းရှိတာပါ။
ကျွန်တော်သိတားသလောက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ အားလုံး ဆန့်ကျင်ဘက်လိင်ကို ညှို့ယူဖမ်းစာနိုင်တဲ့ sexy girl တွေ Boy Hunt တွေဖြစ်နိုင်ကြပါစေခင်ဗျာ။ ။
 
KCB Teens
www.kcb-teens.com

0 comments:

Pages

Powered by Blogger.

-