Sex Art ဆိုတာ သရုပ်ပျက်ယဉ်ကျေးမှုလား (အဖော်အချွတ်ဖက်ရှင်လမ်းညွှန်) - 18 +++++

2:07 PM Blogger 0 Comments

                ဒီတစ်ခေါက်မှာ KCB Teens မှတင်ဆက်ပေးတဲ့အကြောင်းအရာကတော့ လက်တလော အွန်လိုင်းလောကမှာ ရေပန်းစားလျက်ရှိတဲ့ Sex Art, Nude Modeling စသဖြင့် အမျိုးမျိုးခေါ်ဆိုကြတဲ့ လိင်ပိုင်းဆိုင်ရာ အသားပေးအနုပညာတစ်ရပ်အကြောင်းပဲဖြစ်ပါတယ်။
                တကယ်တမ်းတော့ Sex Art ဆိုတာ အနုပညာတစ်ခု သက်သက်သာဖြစ်ပါတယ်။ တိုးတက်လာတဲ့ Fashion ရေစီးကြောင်းအရ အသစ်ဖြစ်ပေါ်လာသော အနုပညာအမျိုးအစားတစ်ရပ်သာ ဖြစ်ပါတယ်။
                  ဒါဆိုရင် ဆက်ရအောင်။ အရင်ဆုံး သရုပ်ပျက်ဆိုတဲ့ ဝေါဟာရဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ဘာဟာ သရုပ်ပျက်ပါသလဲ။ ဥပမာပြောရရင် အစ်မကြီးတစ်ယောက်ကိုမြင်ယောင်ကြည့်ပါ။ သူဟာ ခေါင်းမှာ ရှေးမြန်မာဆန်ဆန်ဆံထုံးကိုထုံးထားပါတယ်။ နောက်ပြီး အင်္ကျီကိုတော့ ပန်းရောင်ပြောင်လက်လက်နဲ့ လက်ရှည်တစ်ထည်ကို လုံလုံခြုံခြုံဝတ်ဆင်ထားမယ်။ နောက်ပြီး အောက်မှာ ချိတ်ထမီကိုဝတ်ထားပြီး Walking Shoe တစ်စုံကိုစီးထားမယ်။ ဒါဆိုရင်တော့ အဆီအငေါ်မတည့်တဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုမျိုး ဖြစ်သွားပါပြီ။ သူလုံခြုံစွာဝတ်ထားတာပဲလေ ... ဒါပေမယ့်ဘာကြောင့် သရုပ်ပျက်သွားရသလဲ။ ဒါဟာ သူမရဲ့ မဆီလျော်အောင် ဝတ်စားဆင်ယင်မှုကြောင့်ပဲဖြစ်ပါလိမ့်မယ်။

                sex art ဆိုတာက မြန်မာနိုင်ငံမှာ အခုမှခေတ်စားလာတဲ့ photo model တို့ရဲ့ fashion ရေစီးကြောင်းတိုးတက်မှုထဲမှာ တစ်ခု အပါအဝင်ပင်ဖြစ်ပါတယ်။ Sex Art, Nude Photo Modeling စသဖြင့် လိင်ပိုင်းဆိုင်ရာတက်ကြွစေသော ဓာတ်ပုံများကိုရိုက်ကူးရာမှာ တစ်ခုသတိထားရမှာကတော့ မိမိရဲ့ လိင်အင်္ဂါ အစိတ်အပိုင်းများကို တိုက်ရိုက်မပြစေမိဖို့ပါပဲ။ ဥပမာ မိန်းကလေးတစ်ယောက်က သူမရဲ့ ကိုယ်လုံးတီး ပုံကိုတင်လိုက်တယ်။ ဒါဟာ sex art လို့ပြောလို့မရဘူး။ လိင်ဆက်ဆံခြင်း၊ ကာမဖိတ်ခေါ်ခြင်းသဘောသို့ သက်ရောက်သွားသော ညစ်ညမ်းဓာတ်ပုံသာဖြစ်ပါလိမ့်မယ်။ နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်း ကိုယ်လုံးတီးပုံတင်လိုက်တယ်။ ဒါပေမယ့် သူမက သူမရဲ့ မအင်္ဂါကို ဦးထုပ်အဖြူရောင်လေးနဲ့ အုပ်ထားကာ ဆံပင်မှာလည်း ပုဝါအဖြူရောင်လေးစီးထားမယ်ဆိုပါစို့။ ဒါဟာ ဖက်ရှင်ကျနလှသော sex art ဖြစ်သွားပါပြီ။ sex art ရိုက်တဲ့အခါမှာ အရမ်းကြီး ညစ်ညမ်းဖော်ပြနေဖို့မလိုပါဘူး။ sexy ကျကျဘယ်လိုနေပြရမလဲဆိုတာသာ အရေးကြီးတာပါ။
                 Sexyကျကျ ပို့စ်တွေရိုက်ကူးရာမှာလည်း အဓိကကျတဲ့အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကတော့ -
(၁) သင်ဖော်ချွတ်လိုတဲ့အစိတ်အပိုင်းကလှနေရဲ့လားသေချာစိစစ်ပါ.... တကယ်လှတဲ့အစိတ်အပိုင်းကိုသာ ဖော်ချွတ်ပြပါ
                ဥပမာ ပေါင်တံရင်းအထိဖော်ချင်တယ်ဆိုရင်တော့ ပေါင်တံမှာ ခြေသလုံးမွေးပေါင်မွေးများ ကင်းရှင်းနေရမှာဖြစ်ပြီး ပေါင်တံထိပုံထဲမှာရိုက်ရမှာဖြစ်တဲ့အတွက် အကယ်၍ သင့်မှာ မည်းနေတဲ့ ဒူးခေါင်းရှိနေရင်တော့ ပေါင်တိုမပြောနဲ့ ဒူးအထက်တောင် တင်ရိုက်လို့ရမှာမဟုတ်တော့ပါဘူး။ ကိုယ်ဖော်မယ့် အစိတ်အပိုင်းကို အရင်ဆုံး လှပအောင်ပြုပြင်ထားသင့်ပါတယ်။

(၂) မလှတဲ့အစိတ်အပိုင်းတွေရှိရင်လည်းလှအောင်ပြင်ပါ
                   အရမ်းကြီးလှအောင်မပြင်နိုင်ဘူးဆိုရင်တောင်မှ ဓာတ်ပုံပညာအရ အလင်းအမှောင်နည်းပညာ၊ ရှုထောင့်ပေါင်းစုံမှ ရိုက်ကူး၍ မိမိ၏ မလှပသောအစိတ်အပိုင်းကို ဖုံးကွယ်နိုင်မယ့် ရှုထောင့်ကို မိမိကိုယ်တိုင်ရွေးချယ်ပါ။ ကိုယ်တိုင်ရွေးချယ်ရအဆင်မပြေဘူးဆိုရင်တောင်မှ Photographer နဲ့ညှိနှိုင်းဆောင် ရွက်ပါ။

(၃) မိမိဘယ်အစိတ်အပိုင်းက ပိုsexyကျသလဲသေချာလေ့လာပါ
                     sexy မကျတဲ့နေရာ၊ ကြည့်ရအဆင်မပြေတဲ့ နေရာတွေကို အဆင်ပြေရုံလောက်သာ ပြုပြင်သင့်ပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါမှာတော့ မိမိရဲ့ sexy အကျဆုံးနေရာကို ပိုsexyကျအောင် ပြင်ဆင်ရိုက်ကူးပါ။ ဥပမာ - သင့်ထဲမှား ငှားငှားစွင့်စွင့်တင်ပါးကြီးတွေပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်တင်ပါးတွေကို ပိုမို ကော့ကာကောက်ကာပြသ ရိုက်ကူးနိုင်ပါတယ်။ အရမ်းကြီးတော့ မရိုင်းစိုင်းပါစေနှင့်။




(၄) ယုံကြည်ရသောPhotographer နှင့်သာရိုက်ကူးပါ
                သင်ဟာ သာမာန်ပုံများရိုက်ကူးမှာမဟုတ်ပါဘူး။ sexy post တွေရိုက်ကူးရမှာဖြစ်တဲ့အတွက် သင့်ရဲ့ အပျိုစင်ဘဝကိုထိန်းသိမ်းစေလိုသောအားဖြင့်၊ စိတ်ထိန်းနိုင်သော Photographer (သို့မဟုတ်) အမျိုးသမီး Photographer တစ်ယောက်ယောက်နှင့်သာ ရိုက်ကူးထုတ်လုပ်စေလိုပြီး ရိုက်ကူးသည့် Studio မှာလည်း ကိုယ်ပိုင်စတူဒီယိုမဟုတ်လျင်တောင် ယုံကြည်ရသော စတူဒီယိုသာဖြစ်ပါစေ။

(၅) Nude Photo မရိုက်မီ ခန္ဓာကိုယ် ပိုမိုsexyကျစေရန် gymများသို့တက်ပါ
                   သင်ဟာ sexy model လုပ်တော့မှာဖြစ်တဲ့အတွက် မိမိခန္ဓာကိုယ်ကို အနည်းဆုံးတော့ sexy ကျနေစေဖို့ gymများတက်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သင့်ခန္ဓာကိုယ်ကို sexy ကျနနေဖို့ ကြိုတင်ပြုပြင်ထားသင့်ပါတယ်။

(၆) အနီးမှာရှိသောပစ္စည်းများနှင့်ပင် Nude Fashion ဖန်တီးနိုင်အောင်လုပ်ဆောင်ပါ
                    သင်ကိုယ်တိုင်က sexy modelလုပ်တော့မည်ဆိုတော့ ဘာအဝတ်အစားအလန်းမှမရှိရင်တောင် ကိုယ်လုံးတီးချွတ် မအင်္ဂါနား ပုဝါလေးကပ်၊ တံဘက်ပါးပါးလေးကို ရင်သားပေါ်တင်၊ နောက်ခံ Lighting ကောင်းကောင်းထိုး စသဖြင့်လုပ်ရုံနဲ့တင် sexy ပုံကောင်းကောင်းထွက်ပါပြီ။ ဒီလိုပါပဲ ... ရှိတဲ့ပစ္စည်းနဲ့ sexy ပုံကောင်းကောင်းတစ်ပုံထွက်အောင် လုပ်ဆောင်လို့ရနိုင်ပါတယ်။

(၇) ကိုယ်ကျင့်တရားကိုထိန်းပါ
                     sexy model ဟာ သူ့ရဲ့လှပသော လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို လှစ်ဟပြသခြင်း အနုပညာတစ်ရပ်သာဖြစ်ပြီး အခြားလူများနှင့် ပလူးပလဲနေနိုင်ရန် ဆွဲဆောင်ခြင်း၊ လိင်အင်္ဂါကို ရောင်းစားနေခြင်းမျိုးမဟုတ်ပါ။ မည်သူမဆိုမိမိ အနုပညာကိုလွတ်လပ်စွာပြသခွင့်ရှိပါသည်။ သို့သော် လက်ရှိ Sex Art လောကတွင် Model အချို့၏အကျင့်ပျက်မှုကြောင့် Sex Art လောကကို ပြည့်တန်ဆာလောကနှင့်ပင် အထင်အမြင်လွဲမှားခြင်းများရှိလာတတ်ကြသည်။ ထို့ကြောင့် Sex Art ဖော်ဆောင်သူအပေါင်း မိမိ၏ ကိုယ်ကျင့်တရားကိုထိန်းသိမ်းရင်း Nude Model လောကကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်၊ နာမည်ကောင်းရအောင်လုပ်ဆောင်ပါလို့ တိုက်တွန်းရင်း Sexy Model လုပ်လိုသူ ညီအစ်ကိုမောင်နှမများအတွက် လမ်းညွှန်ပေးလိုက်ရပါသည်။
                     

KCB Teens
www.kcb-teens.blogspot.com

0 comments:

Fresh Music Corner: Run Away with Me (Carly Rae Jepson)

6:47 AM Blogger 0 Comments

             Fresh Music Corner မှာတော့ အသစ်အသစ်သောသီချင်းတွေထဲကမှ Hot ဖြစ်နေတဲ့ သီချင်းလေးတွေကို တင်ပေးသွားမှာပါ။ အခုသီချင်းကတော့ Carly Rae Jepson ရဲ့ Run Away With me ဆိုတဲ့ သီချင်းအမြူးလေးပဲဖြစ်ကာ ဒီသီချင်းကိုတော့ ဇူလိုင်လ(၁၇)ရက်နေ့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဖြန့်ချိထားတာပဲဖြစ်ပါတယ်။
             ဒီသီချင်းလေးရဲ့ပုံစံကတော့
 " ကောင်မလေးကသူ့ချစ်ရသူကို ဘယ်သွားသွား ငါနဲ့အတူသာလိုက်ခဲ့ပါ။ ငါနဲ့အတူသာရှိရင် ဘာမဆိုလုပ်နိုင်တယ်။ အားလပ်ရက်တွေတိုင်းမှာလည်း ကမ္ဘာကြီးတစ်ခုလုံးကို ရွှေအဖြစ်တောင်ပြောင်းလို့ရတယ်။ တောက်ပတဲ့အရာတွေဆီကို အတူပြေးထွက်ကြမယ်"
               ဆိုတဲ့ပုံစံမျိုးနဲ့သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်း MTV ကို အောက်မှာ ကြည့်ရှုခံစားနိုင်ပြီးတော့ သီချင်းလေးကိုနှစ်သက်တယ်ဆိုရင်တော့ အခမဲ့ရယူနိုင်ရင် ဒေါင်းလုဒ်လင့်လည်း တင်ထားပေးပါတယ်။ 



KCB Teens

0 comments:

နီနီခင်ဇော်ရဲ့ အနီရောင် Audio CD Review

3:54 AM Blogger 0 Comments


                နီနီခင်ဇော်ရဲ့ အနီရောင် Audio CD ကို ဇူလိုင်လ(၁၉)ရက်နေ့ Junction Square Promotion ပွဲမှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး ဒီစီရီးမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း(၁၂) ပုဒ်တိတိပါဝင်မှာ ဖြစ်ကာ ထူးခြားမှုအနေနဲ့ "ဂယ်ပဲ .. ဂယ်ပဲ" သီချင်းကို ဗားရှင်းအသစ်နဲ့ဆိုထားတာ ပြန်ပါလာမယ်လို့သိရပါတယ်။
               ဒီ Album မထွက်ခင်ဇူလိုင်လဆန်းပိုင်းမှာ အယ်လ်ဘမ်ထဲမှာပါဝင်မယ့် "မလိုချင်ဘူး...စစ်" ဆိုတဲ့ MTV ကို  နီနီခင်ဇော်ရဲ့ " Ni Ni Khin Zaw Legacy " Official Youtube Channel မှာ တင်ထားခဲ့ပြီး လက်ရှိ အင်တာနက်မှာ ရေပန်းစားလျက်ရှိပါတယ်။ ဒီသီချင်းကို တေးရေးကိုထက်နဲ့အတူ ဝေလတို့ကရေးသားပေးခဲ့တာဖြစ်ပြီး ဒါရိုက်တာ မောင်မောင်သာမြင့်မှ ရိုက်ကူးပေးထားတာပါ။ Album ကို အားပေးချင်သူတွေကတော့ မူရင်းခွေ ဝယ်ယူအားပေးနိုင်သလို ယခု အကြိုအနေနဲ့ "မလိုချင်ဘူး...စစ်" သီချင်းလေးကိုလည်း နားဆင်နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်။



KCB Teens

0 comments:

Model လမ်းညွှန်

3:18 AM Blogger 0 Comments




ယနေ့ခေတ်လူငယ်ရာနှုန်းပြည့်မှာ ၉၂%နီးပါးလောက်ဟာ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းပြီး အောင်မြင်ချင်ကြပါတယ်။ အနုပညာလမ်းကြောင်းထဲမှာမှ သရုပ်ဆောင်၊အဆိုတော်၊ Model စသောလုပ်ငန်းတွေထဲကမှ Model ကောင်းတစ်ယောက်ဖြစ်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ အရင်ဆုံး အလုပ်တစ်ခုကိုမလုပ်ခင်မှာ ပြန်လည်ဆန်းစစ်ပါ။ မိမိဒီလုပ်ငန်းကို တကယ်ဝါသနာပါလားဆိုတာ ဆန်းစစ်ပါ။ ဟိုမရောက်ဒီမရောက်တော့ မဖြစ်ပါစေနှင့်။
ယခုအောင်မြင်နေသော Model များ ၏ နေပုံထိုင်ပုံများကို တစေ့တစောင်း လေ့လာသင့်ပါတယ်။ Model တစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ Modelတစ်ယောက်ဖြစ်ဖို့ ဆိုတာ ပိုက်ဆံရှိတာ၊မရှိတာ နဲ့မဆိုင်ပါဘူး။ အမြဲတမ်းစမတ်ကျပြီး သပ်ရပ်ဖို့ပဲလိုတာပါ။ သင်Modelတစ်ယောက် စလုပ်တော့မယ်ဆိုရင် Agency တစ်ခုနဲ့ ဆက်သွယ်သင့်ပါတယ်။ မိမိဆက်သွယ်လိုက်တဲ့ Agency ကအောင်မြင်အောင်ပျိုးထောင်ပေးနိုင် ပါ့မလားဆိုတာကိုလည်း အရင်ဆုံးစုံစမ်းသင့်ပါတယ်။ သေချာစုံစမ်းပြီးလို့ သင်တန်းစတက်တော့မယ်ဆိုရင်တော့ မိမိ၏နေပုံထိုင်ပုံကို ခန့်မှန်းလို့မရအောင် နေထိုင်ရပါမယ်။ ဒီလိုမှသာ Cat-Walk လျှောက်လှမ်းတဲ့အခါမှာ ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေ သတိထားမိမှာပါ။

နိုင်ငံတကာ Model လမ်းညွှန်တွေနဲ့ Agency တွေက Model (Male) တစ်ယောက်အရပ်(၅)ပေ(၁၁)လက်မမှ (၆)ပေ(၄)လက်မအထိသတ်မှတ်ထားပြီး ပေါင်ချိန်(၁၄ဝ)ဝန်းကျင်
အထိရှိရမှာဖြစ်ပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
အမျိုးသမီးမော်ဒယ်တစ်ယောက်ဟာ (၅)ပေ(၈)လက်မဝန်းကျင်ရှိရမှာဖြစ်ပြီး အဆီလုံးဝကင်းသော ကိုယ်ခန္ဓာကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Myanmar Model Agency အများစုကတော့ အထက်ပါသတ်မှတ်ချက်တွေ မရှိပါဘူး။
အောင်မြင်ကျော်ကြားသော Model တစ်ယောက်ဖြစ်လာဖို့အတွက် အောက်ပါအချက်အလက်များနဲ့ကိုက်ညီအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

(၁) သင့်ရဲ့ကိုယ်ခန္ဓာကို အဆီကင်းပြီးကျစ်လစ်၍တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာရဖို့အတွက် Gym တက်ပြီးပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အားကစားကို ပုံမှန်လုပ်သင့်ပါတယ်။ သင့်ရဲ့ငွေရေးကြေးရေးမှာအခက်အခဲရှိရင်တော့ တစ်လကို ထောင်ဂဏန်းလောက်ပဲပေးရပြီး ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်သောသင်တန်းတွေကလည်း များလှပါတယ်။

(၂) နောက်အချက်တစ်ချက်ကတော့ အဝတ်အစားပဲဖြစ်ပါတယ်။ သောင်းချီတန်သော အဝတ်အစားမှကောင်းတာမဟုတ်ပါဘူး။ ထောင်တန်အင်္ကျီများကလည်း ကောင်းပါတယ်။ တန်ဖိုးကြီးပြီး Design ရိုးနေရင်တော့ ပိုက်ဆံ
ပေးရတာနှမျောဖို့ကောင်းပါနတယ်။ ဒါကြောင့် အင်္ကျီဝတ်တဲ့အခါ ဒီဇိုင်းလန်းနေဖို့ပဲလိုပါတယ်။ ဈေးကြီးဖို့မလိုပါဘူး။

(၃) သင့်မျက်နှာအသားအရေဟာ ညိုတဲ့ဘက်မှာရှိရင်တော့ ဆံပင်ကို ရွှေရောင်၊ အဝါရောင်နဲ့ မဟော်ဂနီရောင်ဆိုးဖြင်းတို့ကိုရှောင်သင့်ပါတယ်။ ဖျော့တော့တဲ့အရောင် ဒါမှမဟုတ် ပင်ကိုယ်အမည်းရောင်ကိုသာ ခေတ်ဆန်သော Hair Style ကိုပြောင်းလဲသင့်ပါတယ်။

(၄) အထက်ဖော်ပြပါအချက်အလက်တွေပြည့်စုံနေသော်လည်း လမ်းလျှောက်တဲ့အခါ Smart မကျဘူးဆိုရင်လည်း မပေါ်လွင်တော့ပါဘူး။ လမ်းလျှောက်တဲ့အခါ ခေါင်းကိုအနည်းငယ်မော့၍ ပုခုံးနှစ်ဖက်ကို နောက်သို့အနည်းငယ်ပို့လိုက်ပါ။ ထိုအခါ ရင်အနည်းငယ် ရှေ့သို့ထွက်လာပါလိမ့်မယ်။ သင်မလျှောက်တတ်ဘူးဆိုရင်တော့ ခေါင်းပေါ်ကို စာအုပ်တစ်အုပ်တင်၍ လမ်းလျှောက်လေ့ကျင့်နိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်တော့ နံရံတစ်ခုမှာ ခေါင်း၊လက်၊ ပုခုံး၊ ခါး၊ ခြေ တွေနဲ့ထိအောင်ကပ်၍ရပ်ပါ။ ခါးနှင့် နံရံကြားထဲလက်ထိုး၍မရအောင်ကျင့်ပါ။
× × × × × × × × ×

အထက်ပါနည်းလမ်းတွေအတိုင်း လေ့ကျင့်ပေးခြင်းအားဖြင့် သင်ဟာ ပြီးပြည့်စုံတဲ့ Modelတစ်ယောက်ဖြစ်လာနိုင်ပါတယ်။


KCB Teens

0 comments:

ကန်စွန်းဥနှင့်ကျန်းမာရေး

2:50 AM Blogger 0 Comments

 
Picture

ကန်စွန်းဥဟာလူလတ်ပိုင်းများအတွက်အကောင်းဆုံးအစားစာပဲဖြစ်ပါတယ်။ ကန်စွန်းဥဟာ အရောင်မျိုးစုံရှိပြီး သူ့အရောက်အလိုက်ဆေးဖက်ဝင်ပါတယ်။

ခရမ်းရောင်ရှိသောကန်စွန်းဥ - အသည်းကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုအတွက်နဲ့ ဆီးချိုအတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။ Anthocyanin ပါတဲ့အတွက်ကြောင့် ဓာတ်တိုးခြင်းကို ထိန်းပေးပါတယ်။ သွေးတိုးခြင်းကို ထိန်းပေးတဲ့အတွက် သွေးတိုးသမားတွေလည်း စားသုံးသင့်ပါတယ်။



လိမ္မော်ရောင်ကန်စွန်းဥမှာ Vitamin A,C,E ပါဝင်ပြီး၊ အမြင်အာရုံအတွက်အထောက်အကူပြုပါတယ်။ သွေးချိုကိုထိန်းပေးပြီး လိမ္မော်ရောင်ကန်စွန်းဥကို အစိမ်းစားရင်ပိုပြီး အာနိသင်ရှိကြောင်း သိရပါတယ်။

အောက်ပါအချက်အလက်များကိုကြည့်ခြင်းအားဖြင့် လူကိုအိုမင်းရင့်ရော်စေသော ဓာတ်တိုးနှုန်းဟာ ကန်စွန်းဥမှာအနည်းဆုံးပါဝင်ကြောင်း သိရှိနိုင်ပါတယ်။

  • ဆန် - ဓာတ်တိုးနှုန်း (၁၀၀)
  • အာလူး- ဓာတ်တိုးနှုန်း(၈၅)
  • ပေါင်မုန့် - ဓာတ်တိုးနှုန်း(၇၂)
  • ထမင်း - ဓာတ်တိုးနှုန်း(၉၂)
  • ကန်စွန်းဥ - ဓာတ်တိုးနှုန်း (၄၄)

နောက်ပြီး ကန်စွန်းဥဟာအရောင်အလိုက် ဓာတ်တိုးနှုန်းကို ထိန်းပေးပါသေးတယ်။


  • အ၀ါ ၁၆
  • အဖြူ ၁၂
  • လိမ္မော် ၂၁
  • ခရမ်း ၈၃

တို့ပဲဖြစ်ကြပါတယ်။

ကန်စွန်းဥကိုဘယ်လိုစားမလဲ??

၃၀၀ကီလိုဂရမ်ရှိသော ကန်စွန်းဥခပ်ကြီးကြီး၂လုံးကို ထမင်းအစားထိုးအနေနဲ့ ဖုတ်ပြီးစားသင့်ပါတယ်။

ဆီးကောင်းစေပြီး၊ ကိုလက်စရောကိုကျစေတဲ့ ဖီနောကွန်ပေါင်းပါဝင်လို့ ကန်စွန်းဥကို အခွံပါစားသင့်ပါတယ်။

"ကန်စွန်းပင်၏အကျိုးသက်ရောက်မှု"

ကန်စွန်းမြစ် - ဗီတာမင်နည်းပါး

ကန်စွန်းရွက် -ဗီတာမင် C,E ပါ

ကန်စွန်းရိုး -ဗီတာမင် A ပါ။

ခုဖော်ပြခဲ့တဲ့ဟာတွေက ကျွန်တော်သိထားသလောက်ပဲဖော်ပြထားတာဖြစ်ပြီး အခြားအကျိုးကျေးဇူးတွေလည်း ကျန်ရှိသေးကြောင်း သူငယ်ချင်းများအတွက် ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ . . .။

0 comments:

ဝက်ခြံပျောက်ကင်းစေဖို့နဲ့ ထပ်မပေါက်စေဖို့

2:45 AM Blogger 0 Comments

               အလှအပကိုမှ မြတ်နိုးကြတဲ့ သူငယ်ချင်းများအတွက် ၀က်ခြံပျောက်စေဖို့နဲ့ ထပ်မပေါက်စေဖို့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခေါင်းအုံးဖုံး
သင့်ခေါင်းအုံးဖုံးကို တစ်ပါတ်တစ်ခါလဲပါ။ အဘယ်ကြောင့်ဆိုသော် သင်အိပ်နေစဉ်မှာ သင်ရဲ့ မျက်နှာဟာ ခေါင်းအုံးနဲ့ ကပ်မနေဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ အဲ့ဒီလို မျက်နှာနဲ့ခေါင်းအုံးဖုံးနဲ့ကပ်နေတဲ့အခါ အဲ့ဒီမှာရှိတဲ့သွားရည်တွေနဲ့ သင့်မျက်နှာ က အဆီတွေနဲ့ ဓာတ်ပြုပြီး ၀က်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခေါင်းအုံးဖုံးကို တစ်ပါတ် တစ်ခါလဲအိပ်ပါ။
(၂) ပန်ကာလေမခံပါနဲ့
ပန်ကာရဲ့ရှေ့မှာလေသိပ်မခံပါနဲ့။ သင်ပူအိုက်နေလို့ Air-Con ရှေ့မှာ လေခံတာကကိစ္စမရှိပေမယ့် ပန်ကာရှေ့မှာလေခံတာကတော့ သင့်အသားအရေကို ဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။ အသားကို မည်းစေတဲ့အပြင် ၀က်ခြံများကိုပေါက်ပွားရန်လည်း ပိုမို အထောက်အကူဖြစ်စေပါတယ်။
ဘာလို့လဲဆိုတော့ သင့်မျက်နှာနဲ့ ပန်ကာကြားမှာ ရှိတဲ့ ဖုန်မှုန့်တွေကို ပန်ကာလေက သင့်မျက်နှာဆီကိုကပ်နေစေလို့ပါပဲ။ သင်ကိုယ်တိုင်စမ်းသပ်လိုပါက ပန်ကာကိုဖွင့်ပြီး ပန်ကာရဲ့ ရှေ့ဖုံးကို လက်နဲ့ရိုက်ကြည့်ပါက ဖုန်များစွာထွက်လာမှာကို aတွ့ရမှာပဲဖြစ်ပါတယ်။
(၃) နေပူထဲသွားပါကSun Screen သုံးပါ။
သင်နေပူထဲသွားတဲ့အခါ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ သင့်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပြီး မျက်နှာမှာ အဆီင်္တွေပြန်လာနိုင်ပါတယ်။ အဆီတွေဟာ လေထုထဲက ဖုန်တွေနဲ့ ဓာတ်ပြူပြီး ၀က်ခြံ ထွက်လျာနိုင် တာကြောင့် နေပူထဲကို သွားတဲ့အခါ Sun Screen - SPF( sun protect factor ) 45 အနည်းဆုံးပါတဲ့ cream (သို့မဟုတ်) သနပ်ခါးထူထူ လိမ်းသွားသင့်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ SPF ၄၅ပါဖို့ဆိုရင် SPF ၃၀ပါတဲ့ ခရင်မ်နဲ့ ၁၅ပါတဲ့ ခရင်မ်နှစ်မျိုးပေါင်းသုံးမယ်ဆိုရင် SPF က၄၅ ဖြစ်သွားနိုင်လားလို့ပေါ့။ တကယ်ဆို အဲ့လိုလုပ်တယ်ဆိုရင် SPF က ၃၀ပဲရမှာပါ။ အဲ့ဒါဘယ်လိုယူရတာလဲဆိုတော့ ခရင်မ်နှစ်ခုထဲမှာ အများဆုံးပါတဲ့ ဟာကပဲ အစွမ်းရှိတာပါ။
ကျွန်တော်သိတားသလောက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ အားလုံး ဆန့်ကျင်ဘက်လိင်ကို ညှို့ယူဖမ်းစာနိုင်တဲ့ sexy girl တွေ Boy Hunt တွေဖြစ်နိုင်ကြပါစေခင်ဗျာ။ ။
 
KCB Teens
www.kcb-teens.com

0 comments:

Pages

Powered by Blogger.

-